တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် ဂုဏ်ပြုအထိမ်းအမှတ် လူငယ်ပဒေသာ အနုပညာဖျော်ဖြေရေးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် ဂုဏ်ပြုအထိမ်းအမှတ် လူငယ်ပဒေသာ အနုပညာဖျော်ဖြေရေးပွဲတော်ကျင်းပ


ရန်ကုန်၊ ဇွန် ၃၀

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၅)နှစ် မြောက် ဂုဏ်ပြုအထိမ်းအမှတ် လူငယ်ပဒေသာ အနုပညာဖျော်ဖြေရေးပွဲတော်ကို ယမန်နေ့က အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်-တရုတ်ယဉ်ကျေးမှုစင်တာ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ LEHUA INTERNATIONAL EDUCATION CENTER မှ ELECTRIC DRAM တီးခတ်၍ Remix တရုတ်သီချင်းဖြင့်လည်းကောင်း၊ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)မှ စံတော်ချိန်နှစ်ပါးသွားအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ယနေ့ကျင်းပပြုလုပ် သည့် အထိမ်းအမှတ်ပွဲသည် သမိုင်းရင်းမြစ်များကို သတိရစေသည့်အပြင် အနာဂတ်ကာလ၌ ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးများ တိုးတက်လာစေရန်အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတစ်လျှောက်တွင် တရုတ်နိုင်ငံအနေဖြင့် မိတ်ဖက်အဖြစ် ထောက်ခံမှုများ ပြုလုပ်ပေးခဲ့ပြီး စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ လူငယ်ချင်းဖလှယ်မှု အစရှိသည့်ကဏ္ဍများတွင် ဦးဆောင်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယဉ်ကျေးမှုကဏ္ဍတွင်လည်း နှစ်နိုင်ငံသဘောတူညီချက်အရ တရုတ်မြန်မာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနုပညာဖျော်ဖြေပွဲများနှင့် လူငယ်ဖလှယ်ရေးအစီ အစဉ်များသည် နှစ်နိုင်ငံတွင်ရှိကြသည့် နိုင်ငံသားအချင်းချင်းနားလည်မှုကို တိုးမြှင့်စေခဲ့ကြောင်း ပြောကြားသည်။

ယင်းနောက် အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ Brain Works-Total School, Bowen School, Eastern Language and Business Centre (ELBC),Golden Education Sharing Centre (GESC), Lehua International Education Center, Myanmar International Education Center (MIEC) တို့မှ ကျောင်းသား ကျောင်းသူလေးများက ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)