ရွှေတောင်၊ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မင်းကွန်းကျေးရွာအုပ်စု၊ တပ်သစ်ကျေးရွာ၊စက်မှုလယ်ယာစနစ်ကျလယ်မြေဧက ( ၁၀၀) စိုက်ကွင်း ကုန်ထုတ်လမ်း ၊လမ်းဘေးဝဲ/ ယာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင် နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများထံသို့ ပျိုးပင်များပေးအပ်ခဲ့သည်။
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းသည် ရာသီဥတုကောင်းမွန်မျှတရေး၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းရန်၊ အပူချိန်လျှော့ချနိုင်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်စေရန်၊ အရိပ်အာဝါသကောင်းမွန်စွာရရှိစေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်စိုး၊ ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကို၊ပြည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊မြို့နယ်သစ်တောဦးစီးဌာန ၊မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ( ၁၅၀) ခန့်နှင့် အတူ ပေါက်ပန်းဖြူ( ၁၀၀) ပင်၊ ပေါက်ပန်းနီ( ၁၀၀) ပင်၊ ဒန့်သလွန် ( ၁၀၀) ပင်၊ ပိန္နဲ( ၂၀) ပင်၊ သရက်( ၂၀) ပင်၊ သခွပ်( ၁၀၀) ပင်၊အာဆီယံသပြေ ( ၁၀) ပင် စုစုပေါင်း ပျိုးပင်ပေါင်း ( ၄၅၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment