ဇွန် - ၂၇ ( သောကြာနေ့ )
စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီးဌာနက အင်ဒိုနီးရှားတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံများ (NPPs) များ ဖွံ့ဖြိုးတိုးတက်ရန် တရုတ် သို့မဟုတ် ရုရှားမှ နည်းပညာကို အသုံးပြုရန် စီစဉ်နေကြောင်း ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ တရုတ် ဒါမှမဟုတ် ရုရှားက နည်းပညာတွေကို သုံးဖို့အတွက် လုပ်နေပါတယ် ”လို့ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး က ပြောကြားခဲ့ပါတယ်။ နျူကလီယားဓာတ်အားပေးစက်ရုံများ ဆောက်လုပ်ခြင်းက အစိုးရသစ်ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးမြှင့်သုံးစွဲရေး ကတိကဝတ် ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
၂၀၂၅ - ၂၀၃၄ လျှပ်စစ်စွမ်းအား ထောက်ပံ့ရေး လုပ်ငန်း စီမံကိန်း အရ နောက်ထပ် ဓာတ်အားပေးစက်ရုံ စွမ်းဆောင်ရည် ရည်မှန်းချက်ကို ၆၉ ဂီဂါဝပ် (GW) ရအောင် သတ်မှတ်ထားပါတယ်။ အဲ့ဒိရည်မှန်းချက် ပြည့်မီရန် အစိုးရက စုစုပေါင်းမဂ္ဂါဝပ် ၅၀၀ ဖြင့် NPPs များကို တည်ဆောက်ရန် စီစဉ်နေပြီး၊ ဆူမားတြားတွင် ၂၅၀ မဂ္ဂါဝပ်နှင့် ကလီမန်တန်တွင် ၂၅၀ မဂ္ဂါဝပ် တည်ဆောက်ရန် စီစဉ်ထားပါတယ်။
"ဒါကြောင့် ဒီ ၅၀၀ မဂ္ဂဝပ် (NPPs စွမ်းရည်) အတွက် SMR (သေးငယ်တဲ့ မော်ဂျူလာဓာတ်ပေါင်းဖို) ဒါမှမဟုတ် အကြီးစားနည်းပညာကို သုံးမလားဆိုတာ ကြိုးစားသွားမှာပါ" လို့ ၎င်းကဆိုပါတယ်။ နျူ့ဓာတ်ပေါင်းဖို ကိစ္စကို အင်ဒိုနီးရှားက တောင်ကိုရီးယားနဲ့ လုပ်ဖို့ ပထမစဉ်းစားပေမဲ့ အကြောင်းကြောင်းကြောင့် ပျက်သွားခဲ့ပါတယ်။ လက်ရှိတွင် အင်ဒိုနီးရှားသည် SMR နည်းပညာကို အသုံးပြုနေတဲ့ နိုင်ငံများအတွက် ရည်ညွှန်းချက်များကို ရှာဖွေနေပါတယ်။
ဒါကြောင့်သူတို့က တရုတ် ဒါမှမဟုတ် ရုရှားနဲ့ ပေါင်းလုပ်ဖို့အတွက် စီစဉ်နေတာပဲ ဖြစ်ပါတယ်။ ကာလီမန်တန် အနောက်ပိုင်းဒေသမှာ ယူရေနီယံထွက်တာကြောင့် နျူ့ဓာတ်ပေါင်းဖို့လုပ်ဖို့ကိစ္စကတော့ သေချာသလောက်ဖြစ်နေပါပြီ။
REF: antara
https://t.me/MyanmarNationalPost
No comments:
Post a Comment