ဂျာမန်အဓိပတိက အီရန်ကို အစ္စရေး တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ချီးကျူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျာမန်အဓိပတိက အီရန်ကို အစ္စရေး တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ချီးကျူး


ဇွန် - ၁၈ ( ဗုဒ္ဓဟူးနေ့ ) 

ဂျာမနီအဓိပတိ ဖရိုင်ဒရစ်ချ် မားဇ် က အီရန်အပေါ် အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုများကို လူသိရှင်ကြား ချီးကျူးခဲ့ပြီး အစ္စရေးအစိုးရနဲ့ စစ်တပ်က အနောက်နိုင်ငံများ လုပ်ရမယ့် ညစ်ညမ်းတဲ့အလုပ်တွေကို ရှေ့ထွက်ပြီး သတ္တိရှိရှိ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ရုရှားနှင့် တရုတ်နိုင်ငံတို့ကလွဲပြီး အီရန်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်ကို အာမခံပေးသူအားလုံး တက်ရောက်ခဲ့သည့် ကနေဒါနိုင်ငံမှာကျင်းပတဲ့ G7( စက်မှုထိပ်သီး ၇ နိုင်ငံ ) ထိပ်သီး အစည်းအဝေးမှာ ဂျာမန်ခေါင်းဆောင်က မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ 

"အစ္စရေးက အားလုံးလုပ်ရမယ့် ညစ်ပတ်တဲ့အလုပ်တွေကို လုပ်နေတာပါ။ အီရန်သာ နျူ့လက်နက်ပိုင်သွားမယ် ဆိုရင် ကျနော်အားလုံး အီရန်ရဲ့ သားကောင်တွေ ဖြစ်သွားမှာပါ။ အီရန်အစိုးရက ကမ္ဘာကြီးကို ပျက်စီသွားအောင် လုပ်လိမ့်မယ်" လို့ ပြောသွားပါတယ်။ 

"ပြီးခဲ့တဲ့ရက်အနည်းငယ်က တိုက်ခိုက်မှုတွေက အီရန်အစိုးရကို သိသိသာသာ အားနည်းသွားစေခဲ့ပြီး သူ့ရဲ့အရင် အင်အားတွေ ပြန်ဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်ပါတယ်" လို့ မားဇ်က သီးခြား အင်တာဗျူးတစ်ခုတွင် ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂျာမနီက ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်လို့ လူသိများသော ပူးတွဲဘက်စုံလုပ်ဆောင်မှုအစီအစဉ် (JCPOA) မှာပါခဲ့ပါတယ်။ တိုက်ခိုက်မှုများအတွက် ၎င်း၏ထောက်ခံမှုရှိနေသော်လည်း ဘာလင်သည် အီရန်နိုင်ငံ၌ နျူကလီးယားလက်နက်မရရှိစေရေး သေချာစေရန် စေ့စပ်ညှိနှိုင်းမှုအသစ်များကို ထောက်ခံရန် အသင့်ရှိကြောင်း မားဇ်ကပြောပါတယ်။  

အနောက်ဂျေရုဆလင်သည် အီရန်၏ နျူလက်နက်ရရှိရေး အလှမ်းဝေးနေပြီဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခြင်းဖြင့် သောကြာနေ့က ၎င်း၏တိုက်ခိုက်မှုကို တရားမျှတကြောင်း သက်သေပြခဲ့ပါတယ်။ တီဟီရန်ကတော့ အနောက်အုပ်စုတွေရဲ့ စွပ်စွဲချက်များကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး ၎င်း၏ နျူကလီးယားအစီအစဉ်သည် လုံးဝငြိမ်းချမ်းပါတယ်လို့ ဆိုထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)