မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ပို့ချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ပို့ချပေး







မြောက်ဥက္ကလာပ၊ ဇွန်  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်မိခင် နှင့် ကလေးစောင့် ရှောက် ရေးအသင်း နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန် တံတားကြီးရပ်ကွက် ၊ ရွာလယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်လောဟာက အမှာစကား ပြော ကြားပြီး  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ခွဲမှူး  ဦးအောင်ကျော်ကျော်က အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် ပို့ချပေး မည့် ဘာသာရပ်များဖြစ်သော ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ လူနာစမ်းစစ်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း အဆိပ်မိခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အသက်ကယ် အထောက်အကူပြု (CPR ) ၊ လူနာ သယ်ဆောင်ခြင်း စသည့်  ဘာသာရပ်များအားပို့ချပေးမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက် ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်​လှော်န်ကိပ်ဆုန်က အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ခြင်းရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို  နည်းပြ ၂ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား၊ သင် တန်းသူ ၃၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလ မှာ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့ထိ သုံးရက် ကြာသင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)