စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် ငွေကျပ် ၉၁၇ ဒသမ ၀၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် ငွေကျပ် ၉၁၇ ဒသမ ၀၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၆ ရက် မွန်းလွဲပိုင်းက သတင်းအရ စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာအုပ်စု ရွာသာရွာကျေးရွာ လမ်းပေါ်တွင် သီတာ၊ အေးမြတ်မွန်၊ ခင်စုကြည် (ခ) မိုးမိုးနှင့် ရွှေဇင်မာတို့ လေးဦးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၅၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၃၂ ဒသမ ၅ သိန်း) ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ကွင်းဆက် ဖော်ထုတ်ချက် အရ ကျောက်ဆည်မြို့နယ် ဘင်စုရပ်ကွက် စက်မှုဇုန်သွားလမ်းပေါ် တွင် ဒေါ်မြိုင်အား စိတ်ကြွရူးသွပ်ဆေးပြား ၅၆၃၅ ပြား (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်း ဒေသတန်ဖိုးငွေကျပ် ၈၄ ဒသမ ၅၂၅ သိန်း) ဖမ်းဆီးရမိပြီး ကွင်းဆက်အရ ဆေးပြားများ ရောင်းချပေးသူ မမဲလုံးအား ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအဝင် လမ်းမပေါ်တွင် ဆက်လက်ဖမ်းဆီးရမိသဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

ထို့အတူ ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက် ရွှေတိဂုံဘုရား အဆင်း လမ်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ရွှေတိဂုံဘုရားဘက်မှ နတ်စင်လမ်းဘက်သို့ လမ်း လျှောက်လာသူ စိုင်းအောင်ခမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် သိန်း ၇၀) ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ တာချီလိတ် မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ကျောင်းလမ်းရှိ ၎င်းနေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် ၂၈ သိန်း) ထပ်မံသိမ်းဆည်းရမိ သဖြင့် စိုင်းအောင်ခမ်း (၂၆) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ တန့်ယန်းမြို့ ရပ်ကွက် (၉) နေ မနန်းခမ်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၉၀၀ (တစ်ပြား လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဒေသ တန်ဖိုးငွေကျပ် ၄၉ သိန်း) ဖမ်းဆီးရမိသဖြင့် မနန်းခမ်း(၄၃) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)