ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုဖို့ အစ္စရေးမှာ လူထုစုဝေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုဖို့ အစ္စရေးမှာ လူထုစုဝေးပွဲပြုလုပ်


အစ္စရေးနဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲရေး စတင်ပြီး ပထမဆုံးရောက်ရှိလာတဲ့ သီတင်းပတ်အကုန်မှာ အစ္စရေးပြည်သူတွေဟာ လမ်းပေါ်မှာ လူထုစုဝေးပွဲ ပြုလုပ်ပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။

ဇွန်လ ၁၃ ရက်က အစ္စရေးနဲ့ အီရန်အကြား ပြင်းထန်တဲ့ ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် အစ္စရေးဟာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမတ်စ်ကို ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ ဂါဇာကို ဆက်လက်တိုက်ခိုက်နေပါတယ်။

စနေနေ့က အစ္စရေးရဲ့ အကြီးဆုံး စီးပွားရေးမြို့တော် Tel Aviv မှာ ပြုလုပ်တဲ့ လူထုစုဝေးပွဲကြီးမှာ ပါဝင်ခဲ့သူတွေဟာ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ၅၀ လွတ်မြောက်ဖို့အတွက် ဟားမတ်စ်နဲ့အကြား အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

ဂါဇာဒေသထဲက စစ်ဆင်ရေးတွေဟာ ဓားစာခံတွေကို အသက်အန္တရာယ်ပြုနေတယ်လို့ သူတို့က ဆိုပါတယ်။

ပါဝင်သူတစ်ဦးက ဂါဇာမှာ စစ်ပွဲအဆုံးသတ်ပြီး ဓားစာခံတွေ လွတ်မြောက်လာတာကို မြင်လိုကြောင်း ပြောခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် ထိခိုက်ဆုံးရှုံးမှုတွေ အဆုံးသတ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

လာမယ့် ရက်အနည်းငယ်အတွင်း အီဂျစ် ဒါမှမဟုတ် ကာတာမှာ အစ္စရေးနဲ့အတူ အပစ်အခတ်ရပ်စဲရေးအတွက် သွယ်ဝိုက်ညှိနှိုင်းဆွေးနွေးမှုအသစ်တစ်ခု ပြုလုပ်ဖို့ ရှိတယ်လို့ ဆိုထားတဲ့ ဟားမတ်စ်ရဲ့ သတင်းအရင်းအမြစ်တွေကို အာရပ်မီဒီယာတစ်ခုက ကိုးကားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၈၁ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ပဋိပက္ခ စတင်ခဲ့ပြီးနောက်ပိုင်း ဒါနဲ့ဆိုရင် သေဆုံးသူ ၅၆,၄၁၂ ဦးအထိ ရှိပြီဖြစ်ပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)