ကြံခင်း၊ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ခြင် အန္တရာယ်ကင်းဝေးစေရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်၍ ယနေ့ နံနက် ၇နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များ၊ေကျးရွာ၊အုပ်စုများရှိ အခြေခံ ပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရှေ့အဝင်လမ်း ဘေးဝဲယာရှိ ပေါင်းမြက်များနှုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် မြက်ဖြတ်ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းပင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ ထို့သို့ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်တာဝန်ရှိသူများတို့က လှည်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် အမှိုက်များအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့် သယ်ယူပြီး သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ဆောင် ရွက်ခဲ့ကြသည်။
အလားတူ ကြံခင်းမြို့ပေါ်ရပ်ကွက်များ၊ ဘက်ရဲမြို့ရှိ ရပ်ကွက်များ၌ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လည်းကောင်း၊ ကျေးရွာ/အုပ်စုများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ကြီးများနှင့်အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူများက စုပေါင်းသန့်ရှင်းကို ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment