ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ









ပဲခူး ဇွန် ၁၁

ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ (သီရိဟံသာခန်းမ)၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွဲစည်းခဲ့ရာ (၃)နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ယခုလို ရဲမှုထမ်း ဟောင်းများကို ကျန်းကျန်းမာမာ တွေ့ရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်၏ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ချီးမြှောက်သည့်အနေဖြင့် ကျန်းမာရေးနှင့် စာဝတ်နေရေးတို့ကို ဘက်ပေါင်းစုံမှ အထူးအလေးထား ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုအကြိမ်တွင်လည်း ရဲမှုထမ်းဟောင်း မိသားစုဝင်များအတွက်လည်း အခြေခံစားသုံးကုန်များကို ပံ့ပိုးပေးရန်နှင့် သီးခြားလိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းများအဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင်အောင်ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင် ကူညီပေးခြင်းဖြင့် နိုင်ငံတော်တာဝန်ကို  ထမ်းဆောင်သွားကြရန် တိုက်တွန်းအမှာစကား ပြောကြားသည်။

 ထိုနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတိုက ရဲမှုထမ်းဟောင်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥတိုအား ချီးမြှင့် ပေးအပ်ခဲ့သည်။ 

ယင်းနောက် တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းကိုယ်စား ရဲမှုထမ်းဟောင်းတစ်ဦးက ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲမှုထမ်းဟောင်း မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ကြက်ဥ တို့ ချီးမြှင့်ပေးအပ်ခဲ့မှုနှင့် မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ ဘက်ပေါင်းစုံ ချီးမြှင့်ပေးအပ်နေမှုတို့ အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)