ဇွန် - ၇ ( စနေနေ့)
ဥရောပ၏ အကြီးဆုံးစက်ရုံဖြစ်သည့် ဇာပိုရိုက်ဇီ နျူကလီးယားဓာတ်အားပေးစက်ရုံ (ZNPP) ကို တိုက်ခိုက်ခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာဖေး ဂရော့ဇီ က ပြောသွားပါတယ်။
ယူကရိန်းစစ်တပ်က ZNPP အား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ကြောင်း နယ်မြေခံ ရုရှားအာဏာပိုင်များက ပြောကြားပြီးနောက် မကြာမီတွင် ၎င်း မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ မော်စကိုသည် ကိယက်ဗ်အား ယခင်ကတည်းက နျူ့စက်ရုံတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတယ် လို့ အကြိမ်ကြိမ် စွပ်စွဲထားတာရှိပါတယ်။
အဆိုပါ ဓာတ်အားပေးစက်ရုံအား ၂၀၂၂ ခုနှစ် မတ်လတွင် ရုရှားက ၎င်းရဲ့ ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့ပြီး မကြာမီတွင် ဒေသတွင်းနေထိုင်သူများသည် ရုရှားနိုင်ငံနဲ့ ပူးပေါင်းရန် လူထုဆန္ဒခံယူပွဲလုပ်ပြီး မဲခွဲဆုံးဖြတ်ခဲ့ ပါတယ်။ ဒါပေမဲ့ အဲ့ဒိလူထုဆန္ဒခံယူပွဲကို ယူကရိန်းဘက်က လက်မခံခဲ့ပါဘူး။ တစ်ချိန်တည်းမှာပင် IAEA က ZNPP ကို စောင့်ကြည့်ဖို့အတွက် မစ်ရှင်တစ်ခုကို လုပ်ခဲ့ပါတယ်။
ရုရှားနိုင်ငံ ကလီနင်ဂတ် ဒေသရှိ ခါရာဗိုရို လေဆိပ်တွင် သောကြာနေ့က သတင်းထောက်များအား စကားပြောရာတွင် ဂရော့ဇီက “နျူကလီးယား ဓာတ်အားပေးစက်ရုံ၊ အထူးသဖြင့် ဇာပိုရိုက်ဇီ နျူဓာတ်အားပေးစက်ရုံကို တိုက်ခိုက်တာမျိုး လုံးဝ လက်မခံနိုင်ပါဘူး”လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
IAEA ၏ လုပ်ပိုင်ခွင့်သည် နည်းပညာပိုင်းဆိုင်ရာ သက်သက်သာ ဖြစ်တာကြောင့် ယူကရိန်း သို့မဟုတ် ရုရှားတို့က နျူ့စက်ရုံကို တိုက်ခိုက်ခြင်းနဲ့ ပတ်သက်ပြီး အပြစ်ပုံချခြင်းအား မလုပ်နိုင်ပါဘူး။
IAEA နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့သည် အခြေအနေကို စောင့်ကြည့်နေပြီး မည်သည့်တိုက်ခိုက်မှုကိုမဆို မှတ်တမ်းတင်နေခြင်းအား အဟန့်အတားဖြစ်စေနိုင်တယ်လို့ ၎င်းကဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment