ဟုမ္မလင်းမြို့၌ မူးယစ်‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့၌ မူးယစ်‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ



ဟုမ္မလင်း  ၊ ဇွန် ၂၁


စစ်ကိုင်းတိုင်းဒေသကြီး၊ မူးယစ်‌ဆေးဝါး တားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့ အမှတ် (၉) မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ဟုမ္မလင်းမြို့နယ်‌ ခေါင်ခမ်းအုပ်စု၊ တာပတောင်းကျေးရွာ၊ အ‌ခြေခံပညာအလယ်တန်း‌ကျောင်း၌ မူးယစ်‌ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် တာပကောင်းကျေးရွာအ‌ ခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ကိုယ်စား၊ ဆရာမ‌ ဒေါ်နီနီက အဖွင့်အမှာစကားပြောကြား၍၊ အမှတ်(၉) မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်အောင်က မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည်ဖြင့်၊ အသိပညာပေး၊ ရှင်းလင်းဆွေးနွေးခဲ့ကာ၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလိုင်းလင်းမူက၊ စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာပေး ဆွေးနွေးခဲ့၍ အမှတ် (၉) မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်အောင်က “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး လက်ကမ်းစာစောင်၊ စောင်ရေ(၁၅၀)ခန့်‌နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာပတောင်းကျေးရွာ အ‌ခြေခံပညာအလယ်တန်း‌ကျောင်းအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကိုအသိပညာ‌ပေးဟောပြောပွဲတွင် တက်ရောက်လာသူများက  စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြော ပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲသို့ အမှတ် (၉) မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်အောင်နှင့် မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဟုမ္မလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)