ပုဗ္ဗသီရိမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ





နေပြည်တော်၊ ဇွန် ၁၄

သစ်တောသယံဇာတများရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ မြိုပတ်လမ်းရှိ ဆင်သေတံတားအနီး မြေကွက်လပ်တွင်ကျင်းပသည်။

ဦးစွာ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းနိုင်ကျော်တို့က စိန်ပန်းပြာပင်အား စတင်စိုက်ပျိုးပေးခဲ့ကာ တက်ရောက်လာသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက သတ်မှတ်နေရာများတွင် စိန်ပန်းပြာ၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ဆီသပြေစသည့်အပင်များ စိုက်ပျိူးနေမှုကို ကြည့်ရှုအားပေးပြီး ယနေ့မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စုစုပေါင်းအပင်ရေ ၅၀၀ကျော် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


အောင်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)