မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၆၅ဝဝ တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၆၅ဝဝ တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၁၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးရှေ့တွင် သတင်းအရ မောင်အောင်သန်း(ခ)ကျော်သန်း၊ မောင်ကျော်နိုင်နှင့် သန်းလွင် တို့ ၃ ဦး သယ်ဆောင် လာသည့် စက္ကူဂျပ်ဖာပုံးအား စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ မြောင်းမြ(၆)လမ်းရှိကျော်နိုင်၏ နေအိမ်အား ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)