ရန်ကုန်၊ ဇွန် ၁၆
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ် နှင့် ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ၁၅-၆-၂၀၂၅(တနင်္ဂနွေနေ့) နံနက် (၉:၃၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီးများနှင့် တိုင်းဒေသကြီး ပါတီရုံး ခန်းမတွင် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော် အလံ အားအလေးပြုပြီး တွေ့ဆုံပွဲအခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဗဟို အတွင်းရေးမှူး၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်မှ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြား ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အတွင်းရေးမှူး၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်မှ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးများဖြစ်ကြောင်း၊ အမျိုးသမီးများသည် နေရာတိုင်း၊ အဖွဲ့ အစည်းတိုင်းတွင်ပါဝင်လျှက်ရှိကြောင်း၊ ပြည်သူကိုစည်ရုံးရာတွင်လည်း ပြည်သူကို အကျိုးပြုမည့် ပါတီကိုရွေးချယ်တတ်ဖို့ ပြည်သူများ သိရှိနားလည်သဘောပေါက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများအနေဖြင့် အားငယ်ဖို့မလိုပဲ ပါတီဝင်တိုင်းသည် ခေါင်းဆောင်များဖြစ်ပါကြောင်း၊ အမျိုးသမီးထုရဲ့အခက်အခဲတွေကို လမ်းညွှန်ပေးဖို့အတွက် အားလုံးအတူပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အခက်အခဲတွေကို အပြန်အလှန်ဖြေရှင်း၍ ရင်ဘတ်တူသူများလက်တွဲပြီး ရှေ့ဆက် ဆောင်ရွက်သွားကြမည်ဟု ပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် တိုင်းအမျိုးသမီးရေးရာ တာဝန်ခံ၊ ဒေါ်စန်းစန်ဝင်း က ခရိုင်၊ မြို့နယ်မှာရှိတဲ့ အမျိုးသမီးတာဝန်ခံတွေဟာ အမျိုးသမီးငယ်တွေကို လက်တွဲခေါ်ရန်လိုအပ်ကြောင်း၊ မိမိတို့ပါတီဝင်အမျိုးသမီးတွေဟာ သင်တန်းပေါင်းစုံ စနစ်တကျတက်ကျွမ်းထားသူများ ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသောအမျိုးသမီးများက ဆွေးနွေးတင်ပြချက်များကို ဗဟိုအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြား၍ တွေ့ဆုံပွဲ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment