ကြံခင်း၊ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ ထားဝယ်ကြီးကျောင်း တိုက်၌ ယဉ်ကျေးလိမ္မာသော သားကောင်း ရတနာများပေါ်ထွန်းလာစေရန်၊ ပညာပြည့်ဝနှလုံးလှ၍ ဓမ္မအမွေများ ပြန့်ပွားစေရန်နှင့် မိဘ၊ ဆရာများ၏ ဂုဏ်ကျေးဇူးကို နားလည်သိတတ်စေရန် ရည်ရွယ် ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပါရမီမ္မစကူးလ် (တနင်္ဂနွေ)သင်တန်းကို ယမန်နေ့ မွန်းလွဲ(၁) နာရီက အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံတော်ကြီးတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ထားဝယ်ကြီးကျောင်းတိုက် ဆရာတော် ဦးပညာသာမိက ကျောင်းသား၊ ကျောင်းသူများအား ဩဝါဒ စကားမြွတ်ကြား ဆုံးမခဲ့သည်။ ထို့နောက် ပါရမီဓမ္မစကူးလ်သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေး ရာ ဓမ္မစကူးလ် ဆရာမများက သင်ကြားပို့ချပေးလျက်ရှိသည်။ အဆိုပါသင်တန်းကို ကြံခင်းမြို့ပေါ်ရှိ KG တန်းမှ Grade- 8 အထိ ကျောင်းသား ၄၃ ဦး၊ ကျောင်းသူ ၆၄ ဦး စုစုပေါင်း ၁၀၇ ဦး တက်ရောက် လျက်ရှိပြီး ပါရမီဓမ္မစကူးလ်သင်တန်းကို အပတ်စဉ်(တနင်္ဂနွေနေ့) နေ့လယ်(၁)နာရီမှ ညနေ(၄) နာရီ အထိ လည်းကောင်း၊ ဝါတွင်းကာလတွင် (ဥပုသ်နေ့)တိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းကာလအတွင်း အလှူရှင်များက မုန့်၊ အချိုရည်၊ အဟာရဖြည့်စွက်အစာများ လှူဒါန်းပေး လျက်ရှိကြောင်း ပါရမီဓမ္မစကူးလ်သင်တန်းမှ တာဝန်ရှိသူထံမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment