ဇွန် - ၁၆ ( တနင်္လာနေ့ )
တီဟီရန်သည် အစ္စရေး၏ စစ်ရေးစစ်ဆင်ရေးများကို ပြတ်ပြတ်သားသား တန်ပြန်ရန် ပြင်ဆင်နေပြီး “အစ္စရေးရဲ့ စစ်လိုလားတဲ့အစိုးရရဲ့ စစ် ယန္တရားကိုပိတ်ပစ် မယ်” လို့ အီရန်လုံခြုံရေး အကြီးတန်းအရာရှိတစ်ဦးက RT နဲ့ တနင်္ဂနွေနေ့က သီးသန့် လုပ်တဲ့ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့ပါတယ်။
အစ္စရေးနှင့် အီရန်တို့သည် သုံးရက်ဆက်တိုက် ပြင်းထန်သော အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေး အရေးပေါ် ဝန်ဆောင်မှု မာဂျန်ဒေဗစ်မအာဒမ် ရဲ့ အဆိုအရ အီရန်၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၃ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ အီရန်မှာက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၄၀၆ ဦး သေဆုံးပြီး ၆၅၄ ဦး ဒဏ်ရာရခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ သိရပါတယ်။ အီရန်အစိုးရပိုင်းကတော့ အသေအပျောက်စာရင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။
"အီရန်သည် ကာလကြာရှည်စစ်ပွဲအတွက် ပြင်ဆင်နေပါတယ်"လို့ အရာရှိက RT သို့ ပြောကြားပြီး အစ္စရေးနှင့် ရင်ဆိုင်ဖို့ နိုင်ငံရဲ့ သန္နိဋ္ဌာန်ကို အလေးပေး ပြောကြားခဲ့ပါတယ်။ သတင်းရင်းမြစ်အရ အီရန်နိုင်ငံသား သန်းပေါင်း များစွာသည် စနေနေ့က လမ်းများပေါ်တွင် စုဝေးခဲ့ကြပြီး အနောက်ဂျေရုဆလင်အစိုးရရဲ့ တိုက်ခိုက်မှုများကို ဖီဆန်ကာ လက်စားချေရန် တောင်းဆိုခဲ့ကြပါတယ်။ “ဒါဟာ အီရန်ရဲ့ လုပ်ဆောင်ချက်တွေကို အင်အားသုံးပြီး ဆက်လက်လုပ်ဆောင်ဖို့အတွက် အရေးကြီးတဲ့ အထောက်အပံ့တစ်ခုပါပဲ” လို့ အရာရှိက ပြောကြားခဲ့ပါတယ်။
အစ္စရေးအစိုးရခေါင်းဆောင်များ၏ လျှို့ဝှက်နေထိုင်မှုများ၊ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ၊ စစ်လေယာဉ်များ ကို ထောက်ပံ့ပေးသည့် စက်ရုံများနှင့် အရေးပါသော အမိန့်ပေးထိန်းချုပ်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပါဝင်သော ဖြစ်နိုင်ချေရှိသော ပစ်မှတ်များစာရင်းကို သူကပြောသွားပါတယ်။ အီရန်ဒုံးကျည်များက အစ္စရေး တိုက်လေယာဉ်များ အတွက် လောင်စာဆီ ထုတ်လုပ်ရေး စက်ရုံများကို ပစ်မှတ်ထားတယ်လို့ အီရန် အရံတော်လှန်ရေး အစောင့်တပ်က ပြောကြားပြီး အဲ့ဒါကို အစ္စရေးဘက်က အသိအမှတ်ပြုခြင်း မရှိပါဘူး။
ကမ္ဘာ့ခေါင်းဆောင်များက စစ်ပွဲအားလုံးကို တားဆီးရန်နဲ့ အရှိန်လျော့ရန် အရေးတကြီး တောင်းဆိုထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး နောက်ထပ် တိုးမြင့်လာမှု အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။ စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဖုန်းခေါ်ဆိုမှုတွင် ပူတင်က စေ့စပ်ညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရန် မော်စကိုရဲ့ဆန္ဒ ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment