ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


ပုသိမ်  ၊ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၉) ရပ်ကွက်၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်း အနန္တမုနိဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်သီတင်းသုံးတော်မူသည့် ဂန္ဓကုဋီတိုက် တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်မိသားစုတို့က ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တန်ဆောင်းတော်ကြီးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာတော်သံဃာတော်များနှင့်အလှူရှင် မိသားစုများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မော်ကွန်းမင်္ဂလာကမ္ဗည်းစာအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။ ထို့နောက် ဂန္ဓကုဋီတိုက်တန်ဆောင်းတော်တွင် ကိန်းဝပ်စံပယ်တော်မူသော အနန္တမုနိ ဆုတောင်းပြည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးခဲ့သည်။


ကျော်ဟိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)