DOGE ဝန်ထမ်းတွေ ဝဋ်လိုက်တော့မှာ ကို စိတ်ပူနေရပြီ လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

DOGE ဝန်ထမ်းတွေ ဝဋ်လိုက်တော့မှာ ကို စိတ်ပူနေရပြီ လို့ ဆို


ဇွန် - ၁၀ ( အင်္ဂါနေ့ ) 

အမေရိကန် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) မှာ အမှုထမ်းနေတဲ့ ဝန်ထမ်းများက အဖွဲ့ဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဝေါစထရိဂျာနယ်က ဖော်ပြလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုင်းပြည် ထဲမှာရှိတဲ့ မလိုအပ်ဘဲဖွဲ့ထားတဲ့ အေဂျင်စီတွေကို စစ်ဆေးပြီး ဖျက်သိမ်းဖို့အတွက် ကမ္ဘာသူဌေးကြီး အီလွန်မက်စ်နဲ့ တိုင်ပင်ကာ DOGE ကို ဖွဲ့ပြီး လှုတ်ရှားခဲ့ပါတယ်။ အခု သမ္မတက အီလွန်မက်စ်နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတော့ တိုင်းပြည်ကုန်ကျစရိတ်ကို ကာမိအောင်လုပ်ဖို့အတွက် DOGE အဖွဲ့ကို ဖျက်သိမ်းဖို့ နောက်ပစ်မှတ်တစ်ခုဖြစ်လာတော့မှာလို့ ဆိုပါတယ်။ 

အဖွဲ့ကိုတည်ထောင်ခဲ့တဲ့ အီလွန်မက်စ် ကိုယ်တိုင်ကလည်း DOGE ကနေ ထွက်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဖက်ဒရယ်အသုံးစရိတ်လျှော့ချရန် ထရမ့် မှစတင်ခဲ့တဲ့ DOGE သည် ပုံမှန်အစိုးရအေဂျင်စီများထက် ပုဂ္ဂလိက လုပ်ငန်းအဖွဲ့တစ်ခုကဲ့သို့ ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။ မက်စ်ရဲ့ ဦးဆောင်မှုအောက်တွင် ၎င်းက ပရိုဂရမ်များကို ဖြတ်တောက်ခြင်း၊ ထောက်ပံ့ကြေးများ ဖြတ်တောက်ခြင်းနှင့် အစိုးရအလုပ်များကို ရပ်စဲခြင်းတွေကို လုပ်ဆောင် ခဲ့ပါတယ်။ ပဏာမခြေလှမ်းအနေနဲ့ ပညာရေးဌာနနှင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) တို့ကို ဖျက်သိမ်းရန် ကူညီပေးခဲ့ပါတယ်။ 

ပြီးခဲ့သည့်လနှောင်းပိုင်းတွင် မက်စ်က ရာထူးမှနုတ်ထွက်ပြီးနောက် DOGE ၏အနာဂတ်သည် သံသယဝင်စရာ ဖြစ်လာပြီး အဓိကအခွန်နှင့် အသုံးစရိတ်ပက်ကေ့ချ်အတွက် သမ္မတနှင့်လူထုကြား အငြင်းအခုံဖြစ်လာခဲ့ပါတယ်။ 

"အီလွန်ကထွက်သွားပြီ၊ ဘယ်သူကမှ (DOGE) မပါဝင်တော့မှာကို စိုးရိမ်နေရပါပြီး အဲဒါက တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကိုပါ "လို့ စစ်မှုထမ်းဟောင်းရေးရာဌာနမှ DOGE ဆော့ဖ်ဝဲအင်ဂျင်နီယာဟောင်း ဆာဟေးလာဗင်ဂျီယာ က ပြောကြားခဲ့ပါတယ်။ “DOGE မှာအလုပ်လုပ်ရတာက တောင်ပေါ်ကို ကျောက်တုံး တွန်းတင်သလိုမျိုးခံစားနေရတယ် အလုပ်ရပ်လိုက်တာနဲ့ ပြန်ပြီးလိမ့်ကျ လာမှာကို ကြောက်နေရသလိုမျိုး ဖြစ်နေတယ် “ လို့ ဆိုပါတယ်။ 

မက်စ်ထွက်သွားတာက  DOGE ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲနေတဲ့ စတိဒေဗစ် အပါအဝင် ရင်းနှီးသောမဟာမိတ်များ နဲ့ ဝန်ထမ်းများကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ထရမ့်- မက်စ် ရန်စ ကြီးထွားလာသည်နှင့်အမျှ DOGE နှင့် ဆက်နွှယ်သော ဝန်ထမ်းများကြားတွင် ရာထူးမှ ရပ်စဲခံရနိုင်ဖွယ်ရှိသည့် စိုးရိမ်မှုများဖြင့် တောက်လောင်နေခဲ့တယ်လို့ ဂျာနယ်က ဆိုပါတယ်။ 

အီလွန်မက်စ် နဲ့ ထရမ့်တို့က ဆိုရှယ်မီဒီယာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တိုက်ခိုက် နေကြပါတယ်။ မက်စ်က ထရမ့်ကို ကျေးဇူး မသိတတ်တဲ့ လူလို့ စွပ်စွဲသလို ထရမ့်ကလည်း မက်စ်လုပ်နေတဲ့ အာကာသအစီအစဉ်တွေ အကုန်ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)