ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ






ကြံခင်း၊ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယနေ့ နံနက် ၁ နာရီက ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရောရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က မြို့နယ်အမျိုးသမီးကော်မတီများအနေဖြင့် အမျိုးသမီးများအားလုံး အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံရမှုတွေမှကင်းဝေးပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် အခန်းကဏ္ဍအလိုက် အသီးသီးကနေ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဥ္ဇာဝင်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစု သဘောတူထောက်ခံသော လူ့အခွင့်အရေး စာချုပ်များအနက် တစ်ခုဖြစ်သော အမျိုးသမီးများ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်(CEDAW) ပါ အမျိုးသမီးအခွင့်အရေးများနှင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း NSPAW (၂၀၁၃-၂၀၂၂) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှုများကိုလည်း ကျူးလွန် ခံရသူများ လုံခြုံမှုရှိစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တရားဥပဒေအရ အမှုဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည့် နှစ်သိမ့်ဆွေးနွေးခြင်းများ၊ အကြမ်းဖက်မှုများ ရပ်တန့်စေရန် ကျား/မ အခြေပြုမှုအပေါ် လေးစားနားလည်စေရန်၊ အကြမ်းဖက်မှုမှ ကင်းဝေးစေရန် ရည်ရွယ်ပြီး အသိပညာပေးခြင်း၊ နေရာ အနှံ့လူထုအသိပညာပေး လှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ပေးလျက်ရှိကြောင်း ပြော ကြားခဲ့သည်။ 

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က နိဂုံးချုပ်အနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အမျိုးသမီးအဖွဲ့အစည်း များရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးကြောင်းပြောကြားခဲ့သည်။

အဆိုပါခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်းရေးမှူး ရဲမှူး ကြည်စိုး၊ အဖွဲ့(၂) ဦးကျော်ကျော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)