ဇွန် - ၁၀ ( အင်္ဂါနေ့ )
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) အနေနဲ့ အစ္စရေး ခေါင်းဆောင်းတွေကို ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဒေဗစ်ကင်မရွန်းက ICC ကို ရန်ပုံငွေထောက်ပံ့နေတာတွေကို ရပ်တန့်ပြီး အဖွဲ့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ အကုန်ဖျက်သိမ်းကာ အဖွဲ့ကနေထွက်မယ်လို့ ခြိမ်းခြောက် ထားတယ်ဆိုပြီး အရှေ့အလယ်ပိုင်းမျက်လုံး (MEE) သတင်းဌာနက ဖော်ပြထားပါတယ်။
အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု နဲ့ ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂေါ်လန် တို့ကို ဂါဇာပဋိပက္ခမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC ရှေ့နေချုပ် ကာရင်ခန်း က မနှစ်က ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ သူတို့နဲ့ အတူ ဟားမတ်ခေါင်းဆောင် ၃ ဦးကိုလည်း နိုဝင်ဘာလက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်အပါအဝင် ၎င်းရဲ့ မဟာမိတ်များက အာဏာအလွဲသုံးစားလုပ်မှုဖြင့် ခန်းအား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါတယ်။
အဲ့ဒိဖမ်းဝရမ်း ထုတ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေက ၎င်း၏ရည်ရွယ်ချက်များကို မနှစ်က ဧပြီလအတွင်းမှာ လန်ဒန်ကို ပထမဆုံး အသိပေး ခဲ့ပါတယ်။ အဲ့ဒိတုန်းက ဝန်ကြီးချုပ် ရီရှီဆွန်နက် အစိုးရမှာ နိုင်ငံခြားရေး ဝန်ကြီးလုပ်နေတဲ့ ကင်မရွန်းက ခန်းဆီကို ဖုန်းဆက်ပြီး ခင်ဗျားလုပ်နေတာ ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးဖောက်ခွဲလိုက်တာနဲ့ တူနေတယ်။ ဆက်လုပ်မယ်ဆိုရင် ရန်ပုံငွေလည်း မပေးတော့ဘူး ရောမစာချုပ်ကနေလည်း ထွက်မယ်လို့ ပြောလိုက်ပါတယ် ဆိုပြီး ICC အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အပြောကို MEE ဂျာနယ်က ဖော်ပြခဲ့ပါတယ်။
MEE ၏အဆိုအရ၊ ကင်မရွန်းက ခန်းကို အကြိမ်ကြိမ် အော်ဟစ်ကြမ်းမောင်းခဲ့တယ်လို့လည်း ပါရှိပါတယ်။ ခန်းကတော့ အဲ့ဒိကိစ္စနှင့် ပတ်သက်၍ ဗြိတိန်မှနုတ်ထွက်ပါက "စည်းမျဉ်းအခြေခံစနစ် သေသွားမည်ဖြစ်ကြောင်း၊ စံနှုန်းတစ်ခုကို "ညီတူညီမျှကျင့်သုံးခြင်းမပြုခြင်း" လို့ လူအများရှုမြင်ရမည့် "ပြင်းထန်သောအန္တရာယ်" ရှိကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။ ဖုန်းဆက်ပြီး တစ်လမပြည့်ခင်မှာပဲ ခန်းက ဖမ်းဝရမ်းထုတ်မယ်လို့ ကြေညာခဲ့ပါတယ်။ တုံ့ပြန်သည့်အနေဖြင့် ကင်မရွန်းသည် နေတန်ယာဟုနှင့် ဟားမတ်စ်တို့ကြား တရားရုံးက “ကျင့်ဝတ်ညီမျှမှု” ကို ထိထိရောက်ရောက် ဆွဲထုတ်ခဲ့သည်ဟု ဆိုကာ ICC ကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment