ကြံခင်း၊ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက သဘာဝဘေးကြို တင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် life jacket အင်္ကျီ၊ ဦးထုပ်နှင့် ဘောကွင်း ပေးအပ်ပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ဧရာဝတီမြစ်ရေ ကြီးမြင့်လာမှုကြောင့် ရေဝင်ရောက်နိုင်သည့်နေရာများ ကြိုတင်ပြင် ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကော်မတီ အဖွဲ့များက ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ တရိစ္ဆာန်များထားရှိမည့်နေရာများ၊ ကွပ်ကဲမှုအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့များထားရှိရန်နှင့် သဘာဝဘေးမဖြစ်ပေါ်မီ ဇာတ်တိုက်လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများအား ကော်မတီဝင်များက သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က သဘာဝဘေးဖြစ်ပေါ် လာပါက အရေးပေါ်စုဖွဲ့ထားရှိမှုအခြေအနေ၊ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုများ၊ မြေပြိုကျခြင်းများ၊ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အရေးပေါ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင် ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုများအား လည်းကောင်း၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ရပ်ကွက်များရှိ မြေနိမ့်ပိုင်းများနှင့် ချောင်းအနီးရှိ နေအိမ်များ မိုးများခြင်းကြောင့် တောင်ကျရေစီးဆင်း လာပြီး မြေနိမ့်ပိုင်းများနှင့် ချောင်းအနီးရှိနေအိမ်များ အတွင်းသို့ မိုးရေဝင်ရောက်မှု နှစ်စဉ်ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ လူနှင့်တရိစ္ဆာန်များ ထိခိုက်မှုမဖြစ်ပေါ်ရေး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြခဲ့သည်။
ဆက်လက်၍ ကော်မတီများအဖွဲ့ဝင်များက အသီး သီး တင်ပြဆွေးနွေးကြပြီး မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ က တင်ပြချက်များအား ညှိနှိုင်းကာ လုပ်ငန်းစီမံချက်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နှင့် မြို့နယ်မီးသတ်ဦးစီးမှူး တို့က ဘက်ရဲမြို့တွင် သဘာဝဘေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန် life jacket အင်္ကျီ ၁၀ ထည်၊ ဦးထုပ် အလုံး ၂၀နှင့် ဘောကွင်း ၄ ခု တို့အား ပေးအပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ထံလွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment