မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် ပြည်သူနှစ်ဦးတို့အား ဖမ်းဆီးခေါ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် ပြည်သူနှစ်ဦးတို့အား ဖမ်းဆီးခေါ်ဆောင်

 


နေပြည်တော်၊ ဇွန် ၁၂

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာနေ ဦးဇော်မျိုးသက် (ခ) ကိုသက် (၄၇) နှစ်သည် ရွှေမုဌောဘုရားအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ၎င်းပိုင်ကွမ်းဆိုင်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားအင်အား ၂၀ ဦးခန့်က 4WD အမျိုးအစား မော်တော်ယာဉ်တစ်စီး (စိစစ်ဆဲ)၊ ဆိုင်ကယ်ငါးစီးတို့ဖြင့် နွားထိုးကြီးမြို့နယ်ဘက်မှ ရောက်ရှိလာပြီး ဦးဇော်မျိုးသက် (ခ) ကိုသက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါအကြမ်းဖက်သမားများသည် ရွှေမုဌောဘုရားမြောက်ဘက်မုခ်အနီးနေသူများဖြစ်သည့် ဦးကျော်သက် (၅၅) နှစ်၊ ဦးသက်နိုင်ဦး (ခ) ငသက် (၄၇) နှစ်နှင့် မလှိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကြီးတန်းစာရေး ဒေါ်ခင်မြင့်ထွေး (၄၀) နှစ်တို့ သုံးဦးအား ဖမ်းဆီးခေါ်ဆောင်ကာ တောင်သာမြို့နယ်၊ သံဘို-သန်းတန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့ပြည်သူနှစ်ဦးအား အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေးနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)