မြောက်ဥက္ကလာပ၊ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)JN1ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး တွင် ဆက်လက် ထိုးပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင် ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ ၊ သက်ကြီးရွယ်အိုများ ၊ ဌာနဆိုင်ရာများအား ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးတည်အုပ်စုအလိုက် ကိုဗစ် ၁၉ ကာကွယ်ဆေး( Pfizer)JN1 ကို ရုံးချိန်အတွင်း ထိုးနှံပေးလျှက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment