စင်ကာပူမြို့ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/သံအမတ်က ReCAAP အမှုဆောင်ဒါရိုက်တာအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စင်ကာပူမြို့ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/သံအမတ်က ReCAAP အမှုဆောင်ဒါရိုက်တာအား လက်ခံတွေ့ဆုံ


စင်ကာပူ၊ ဇွန် ၂၆

စင်ကာပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင် သည် Regional Cooperation Agreement on Combating Piracy and Armed Robbery against Ships in Asia (ReCAAP) Information Sharing Centre ၏ အမှုဆောင်ဒါရိုက်တာ နှင့် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) Mr. Vijay D Chafekar အား ၂၅-၆-၂၀၂၅ ရက်နေ့ ၁၀၃၀ နာရီတွင် စင်ကာပူမြို့၊ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာကမ်းခြေစောင့်တပ်ဖွဲ့နှင့် ReCAAP ISC တို့အကြား အာရှပင်လယ်ပြင်တွင် ဖြစ်ပွားသော ပင်လယ်ရေကြောင်းဓားပြမှုနှင့် ပင်လယ်ပြင် ဓားပြတိုက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်များ မျှဝေရာတွင် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၌ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအစီအစဉ်များ ကျင်းပပြုလုပ်နိုင်သည့်အခြေအနေ စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)