ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးရာသီတွင်ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ(Seeder) စနစ်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးရာသီတွင်ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ(Seeder) စနစ်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ





ပေါင်၊ ဇွန်  ၁၄

မွန်ပြည်နယ်‌၊ပေါင်မြိုနယ်၌ စိုက်ပျိုးရာသီတွင်ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ(Seeder)စနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက သဲဖြူကုန်းကျေးရွာ ဦးဒါဝတ်၏ လယ်မြေ၌ ပြုလုပ်ရာ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးအောင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ခရိုင်အဆင့်နှင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တောင်သူများက တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ တိုးပွားလာသောလူဦးရေအတွက် စားရေရိက္ခာဖူလုံမှုရှိစေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ ပေါင်မြို့နယ်အနေဖြင့် ပိုက်ဆံလျော်မျိုးစေ့အပြင်၊ကျွဲကော၊ဒူးရင်း၊ကြက်မောက်၊မင်းဂွတ်နှင့် အခြားအပင်များကိုလည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တဲ့အပြင် စပါးမျိုးစေ့ထုတ်ခြင်းကို(၅၀)ဧကနှင့် ခေါင်နှံဖြင့်မျိုးသန့်ပွားခြင်းကို(၁၀) ဧက အတွက် စိုက်ပျိုးသွားမည်ဖြစ်သောကြောင့် လုပ်သားရှားပါးခြင်းပြသနာကို ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် မျိုးစေ့ချကိရိယာဖြင့် တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ပေါင်မြို့နယ်အနေဖြင့် (Seeder) (၁၉၅)လက်အားချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သောကြောင့် တောင်သူများအကျိုးရှိစွာ အသုံးပြုရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင် က ခေါင်နှံစနစ်ဖြင့်စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနည်းစနစ်အား ရှင်းလင်းဆွေးနွေးပြီး၊ ပေါင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲမြင့်က(Seeder)စနစ်ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကိုရှင်းလင်းဆွေးနွေးခဲ့ရာ တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့သည်။ 

ထို့နောက် ခေါင်နှံစနစ်ဖြင့်စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ လက်တွေ့ပြသခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)