နောင်ချိုမြို့နယ်အတွင်း TNLA/DPLA အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်အတွင်း TNLA/DPLA အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများပြား





နောင်ချို၊ ဇွန် ၂၈

နောင်ချိုမြို့နယ်အတွင်း ဒေသခံပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော TNLA/DPLA အကြမ်းဖက်စခန်းများကို တပ်မတော်က ရှင်းလင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၈ ရက် (ယနေ့)နေ့လည်ပိုင်းအချိန်တွင် နောင်ချိုမြို့နယ်၊ အုမ္မခါးဒေသအတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် သောင်းကျန်းသူ ၂၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သမားများသည် အလောင်းများဆွဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း တပ်မတော်သား ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး TNLA/DPLA အကြမ်းဖက်သမား ၁၀ လောင်း၊ Type-81 သေနတ် ၄ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ ခဲယမ်း/ဗုံးသီးများ၊ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။ 

တပ်မတော်သားများအနေဖြင့် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး အကြမ်းဖက်နှိမ်နင်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်ပို့ဆောင်ပေးနေမှု အခြေအနေများကိုလည်း တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)