World MSME Day 2025 အခမ်းအနားသို့ သံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

World MSME Day 2025 အခမ်းအနားသို့ သံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်




နယူးဒေလီ၊ ဇွန် ၂၇

 World MSME Day 2025 အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ရက်၊ နံနက် ၁၀ နာရီ တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အခမ်းအနားများကျင်းပပြုလုပ်ရာစင်တာတစ်ခု ဖြစ်သည့် Pragati Maidan ၊ ခန်းမအမှတ်  (၁၉) တွင် ကျင်းပပြုလုပ်ခဲ့ရာ   အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးဇော်ဦးသည် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ 

 အဆိုပါ အခမ်းအနားကို အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက်ကမ္ဘာ့အဖွဲ့အစည်း (World Association for Small and Medium Enterprises – WASME) ကကြီးမှူး၍ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားတွင် WASME အသင်းမှ ကျွမ်းကျင် သူပညာရှင်များနှင့်ကုန်သည်လုပ်ငန်းရှင်များက MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ အလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် WASME ၏ အမှုဆောင်အတွင်းရေးမှူးက ၂၀၂၅ ခုနှစ်အတွင်း MSME လုပ်ငန်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ထူးချွန်သည့် လုပ်ငန်းရှင် များအား ဆုများချီးမြှင့်ပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ဖိတ်ကြားထားသော နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုန်သည်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)