ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 




ပွင့်ဖြူ  ၊ ဇူလိုင် ၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ မြို့မစည်ပင်သာယာဈေးသို့သွားရောက်ပြီး ဈေးသူဈေးသားများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ဈေးရောင်းဈေးဝယ်ပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသော ပလတ်စတစ် ကြွပ်ကြွပ်အိတ်များနှင့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်၊ ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးအသုံးပြုကြရန်၊ မိမိတို့နေအိမ်များမှ လက်ဆွဲခြင်း သို့မဟုတ် ထည့်စရာတစ်ခုခုကို တစ်ပါတည်းယူဆောင်လာကြရန် စသည့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလုပ်ငန်းများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။


ထို့နောက် တာဝန်ရှိသူများက မြို့မဈေးကြီး အတွင်း၊ အပြင်ရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများထံ သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ ပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး ဈေးရောင်းဈေးဝယ်ရာ၌အသုံးပြုရန် အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူတို့ကို အခမဲ့လိုက်လံဝေငှပေးခဲ့ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)