ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များအား တွေ့ဆုံ


ရန်ကုန်၊ ဇူလိုင် ၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး စာပေဆုဖြစ်သည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဝါသနာရှင်များ၏ အရည်အသွေးပြည့်ကောင်းမွန်သည့်စာမူများကို စာအုပ်အဖြစ် ထွက်ပေါ်လာစေရန် ပျိုးထောင်အားပေးသော စာပေဗိမာန်စာမူဆုများကို ၁၉၄၈ ခုနှစ်မှ စတင်၍ အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်လာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါကြောင်း။

ယခုနှစ်တွင်လည်း စာကောင်းပေမွန်များနှင့် ဘဝတစ်သက်တာလုံး စာပေ၌ နှစ်မြှုပ်ထားခဲ့ကြသည့် စာပေပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆုများ စိစစ်ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးစိန်လှိုင် (သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)နှင့် တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးနှင့်ပတ်သက်ပြီး အကြံပြုဆွေး‌နွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)