ဇူလိုင် - ၂၆ ( စနေနေ့ )
အစ္စရေစစ်တပ် ပိတ်ဆို့ဝိုင်ရံထားတဲ့ ဂါဇာကမ်းမြှောင်ကို အကူအညီများပေးပို့ခွင့်ပြုရေးကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဖိအားများ တိုးလာနေချိန်တွင် ဗြိတိန်အောက်လွှတ်တော်ရဲ့ အမတ်သုံးပုံတစ်ပုံက ပါလက်စတိုင်းကို တရားဝင်အသိအမှတ်ပြုရန် ဝန်ကြီးချုပ်ကီယာစတာမာ ကို တောင်းဆိုလိုက်ပါတယ်။
လာမယ့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်သမ္မတ မာခရွန် ရဲ့ အယူခံကို အပြီးသတ်ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ အစ္စရေးနှင့် အမေရိကန် တို့ကတော့ ပါလက်စတိုင်းကို သီးခြားနိုင်ငံထောင်ခွင့်ပေးလိုက်ရင် ဟားမတ်စ် အကြမ်းဖက်သမား တွေကို ပိုမိုအားကောင်းစေလိမ့်မယ် လို့ ငြင်းခုံဝေဖန်နေပါတယ်။
မနေ့က ထုတ်ပြန်တဲ့စာမှာ ဗြိတိန် ပါတီ ကိုးခုမှ ပါလီမန်အမတ် ၂၂၁ ဦးက စတာမာနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမီတို့အား အစ္စရေး၊ ပါလက်စတိုင်း သီးခြား ၂ နိုင်ငံ တည်ရှိမှုနဲ့ ပတ်သက်ပြီး ယူကေက နှစ်ပေါင်းများစွာ ထောက်ခံခဲ့တာကို အသိအမှတ်ပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
စာထဲမှာက “လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပါလက်စတိုင်းနိုင်ငံကို ဆောင်ကြဉ်းပေးဖို့ ယူကေမှာ အခွင့်အာဏာ မရှိဘူးဆိုတာမှန်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ယူကေ က နှစ်အကြာကြီး အဖွဲ့ဝင်ဖြစ်မှုက ပါလက်စတိုင်းတွေကို ထောက်ခံဖို့အတွက် အားတစ်ခုဖြစ်စေမှာပါ” လို့ ပါရှိပါတယ်။ ပါလက်စတိုင်းနဲ့ပတ်သက်လာရင် ၁၉၁၉ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ စီမံအုပ်ချုပ်ခဲ့တဲ့ ဗြိတိန်က သီးခြားတာဝန်ရှိကြောင်း လွှတ်တော်အမတ်များက စောဒကတက်ခဲ့ကြပါတယ်။
အဲ့ဒိ ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်လွှတ်တော်ထဲမှာ လှုံ့ဆော်မှုတွေလုပ်နေတာက ဒုဝန်ကြီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး နဲ့ တရားရေးဝန်ကြီး တို့ဖြစ်တယ်လို့ ဂါဒီယန်းသတင်းစာက ဖောက်ချထားပါတယ်။ ဝန်ကြီးချုပ် စတာမာကတော့ မနေ့က ပြင်သစ်သမ္မတ နဲ့ ဂျာမနီအဓိပတိတို့ဆီကို ဖုန်းဆက်စကားပြောပြီးနောက် ပါလက်စတိုင်းကို သီးခြားနိုင်ငံထောင်ခွင့် ပြုရေးကို ကျနော် ရှင်းရှင်းလင်းလင်း နားလည်တယ်ဆိုပေမဲ့ ရေရှည်တည်တံ့တဲ့ ပါလက်စတိုင် - အစ္စရေး ၂ နိုင်ငံလုံခြုံရေးကိစ္စကို ဦးစားပေးလုပ်ဆောင်ဖို့လိုပါတယ်။ လောလောဆယ်က အပစ်အခတ်ရပ်စဲရေး နဲ့ ဂါဇာကို အထောက်အပံ့တွေ ရောက်ရှိနိုင်ရေး အတွက်ကိုပဲ ဦးစားပေးသင့်တယ်” လို့ ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment