ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖျာပုံအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖျာပုံအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေး




ဖျာပုံ  ၊  ဇူလိုင် ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်မိုးမိုးခိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းက ဖျာပုံအကျဥ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဥ်းထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီတရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အကျဥ်းထောင်အတွင်း အကျဥ်းသား/အကျဥ်းသူ၊ အချုပ်သား/အချုပ်သူများ နေထိုင်သည့်အဆောင်များ၊ စားဖိုဆောင်၊ ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်းရှိ/မရှိ၊နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဥ်းထောင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။


အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)