ကလေးသုံး အေအိုင်ကို တီထွင်နေတယ်လို့ အီလွန်မက်စ် ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးသုံး အေအိုင်ကို တီထွင်နေတယ်လို့ အီလွန်မက်စ် ပြော


ဇူလိုင် - ၂၁ ( တနင်္လာနေ့ ) 

Elon Musk သည် ၎င်း၏ ဉာဏ်ရည်တုလုပ်ငန်းစတင်သည့် xAI သည် Baby Grok ဟုခေါ်သည့် ကလေးများ အတွက် အဆင်ပြေစေမည့် အကြောင်းအရာများကို အာရုံစိုက်ထားတဲ့ အက်ပ်အသစ်တစ်ခုကို လွှင့်တင်ရန် စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။ ကုမ္ပဏီ၏ အထင်ကရ chatbot ဖြစ်သော Grok သည် ကျရှုံးမှုများစွာ ဖြစ်ပေါ်နေတဲ့ အတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ဆက်လက်ရင်ဆိုင်နေရချိန်တွင် အခုလိုသတင်းထွက်ပေါ် လာတာပဲ ဖြစ်ပါတယ်။ 

အမေရိကန်အခြေစိုက် ဘီလျံနာသူဌေးက အက်ပ်ရဲ့ဖြန့်ချိမှုအတွက် နောက်ထပ်အသေးစိတ်အချက်အလက်များ သို့မဟုတ် အချိန်ဇယားကို မဖော်ပြထားသော်လည်း "ကျနော်တို့က ကလေးတွေအတွက် အဆင်ပြေလောက်မယ့် အကြောင်းအရာတွေကို ရည်ရွယ်ထားတဲ့ အက်ပ်တစ်ခုဖြစ်တဲ့ xAI မှာ Baby Grok ကို ပြုလုပ်သွားမှာပါ" လို့ ဆိုပါတယ်။ 

Family Link အက်ပ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုခွင့်ကို စီမံခန့်ခွဲရန် မိဘများကို ခွင့်ပြုပေးသည့် အိမ်စာများ၊ မေးခွန်းများဖြေကြားခြင်းနှင့် ပုံပြင်များဖန်တီးပေးသည့် ကလေးများအတွက် Gemini အက်ပ်ကို Google မှ စတင်မိတ်ဆက်ပြီးနောက် လပိုင်းအကြာမှာပဲ အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

မက်စ် ရဲ့ ထုတ်ပြန်ချက်သည် ၎င်း၏ AI လုပ်ငန်းများ၊ အထူးသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့က ထွက်ရှိခဲ့တဲ့ ၎င်း၏ chatbot နောက်ဆုံးထွက်ဗားရှင်းဖြစ်သော Grok 4 နှင့် ပတ်သက်၍ အငြင်းပွားမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

Grok သည် အပြင်းအထန် ဝေဖန်ပုတ်ခတ်ခံနေရတဲ့ ရလဒ်များ ဆက်တိုက်ထွက်ပေါ်နေရပါတယ်။ ချက်ဘော့တ်တွေရဲ့ တုံ့ပြန်မှုအချို့က နိုင်ငံရေးခေါင်းဆောင်များကို ကိုးကားပြီး အမုန်းစကားများ နဲ့ လှုံ့ဆော်မှုများ ပတ်သက်နေတာကြောင့် စိုးရိမ်ပူပန်မှုများတိုးလာပြီး ၎င်းနှင့်ပတ်သက်လို့ နိုင်ငံအများအပြားက စုံစမ်းစစ်ဆေးမှုများ စတင်ရန် လှုံ့ဆော်ခံနေရပါတယ်။ 

Grok 4 ရဲ့ ချက်ဘော့တ်တွေက နိုင်ငံရေးမေးခွန်းများကို ဖြေဆိုရာတွင် ဘက်လိုက်မှု ရှိနေခဲ့ပါတယ်။ ကလေးတွေနဲ့ ဆိုင်တဲ့ အပိုင်းတွေမှာလည်း အများပြည်သူနဲ့ ဆိုင်တဲ့ အမြင်မတင့်တယ်မှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် အေအိုင်ကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်မှုအပေါ် စိုးရိမ်ပူပန်မှုများသည် အထူးသဖြင့် သတင်းမှားများ ပျံ့နှံ့မှု၊ ဘက်လိုက်မှုအား အားကောင်းလာစေခြင်းနှင့် တာဝန်ခံမှု ကင်းမဲ့ခြင်းတို့အတွက် စိုးရိမ်မှုများ ကြီးထွားလာခဲ့ပါတယ်။ ခိုင်မာသောအကာအကွယ်များမပါဘဲ၊ ညံ့ဖျင်းသော အေအိုင် ကိရိယာများက ကလေးများအား မသင့်လျော်သောအကြောင်းအရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)