Pages

▼

Pages

▼

နယူးကယ်လီဒိုနီးယား ကို လွတ်လပ်ရေး မပေးဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲပေးမယ်လို့ ပြင်သစ်ဆို


ဇူလိုင် - ၁၃ ( တနင်္ဂနွေနေ့ ) 

ပြင်သစ်က ပစိဖိတ်ဒေသရှိ နယူး ကယ်လီဒိုနီးယားကျွန်းအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုပေးရန် သဘောတူခဲ့တာ ဖြစ်တဲ့ အတွက်ကြောင့်  ဌာနေ ကာနက်လူမျိုးတွေ တောင်းဆိုထားသော လွတ်လပ်ရေး အပြည့်အဝ မရတော့ဘဲ ရပ်တန့်သွားခဲ့ပါတယ်။ 

မဲပေးစနစ်ပြောင်းလဲရေး အဆိုပြုထားသည့် ဆန္ဒပြမှုများသည် ပြီးခဲ့သောနှစ်တွင် နယ်မြေမငြိမ်မသက် ဖြစ်ပြီးနောက် လူ ၁၄ ဦးသေဆုံးကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ယူရို ၂ ဘီလီယံ (ဒေါ်လာ ၂.၃ ဘီလီယံ) အထိ ပြင်းထန်သည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။

ပါရီမြို့ရှိအီလက်ဆီ နန်းတော်တွင် စနေနေ့က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ နယူးကယ်လီဒိုးနီးယားသည် ပြင်သစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ၎င်း၏အဆင့်အတန်းကို ပြဌာန်းထားသည့် “နယူးကယ်လီဒိုနီးယား ပြည်နယ်” ဖြစ်လာမည်ဖြစ်ပါတယ်။ အဆိုပါသဘောတူညီချက်ကြောင့် ပြင်သစ်နိုင်ငံသား အဖြစ် နေထိုင်သူများနှင့်အတူ နေထိုင်နိုင်သည့် နိုင်ငံသား အဆင့်အတန်းအသစ်ကို မိတ်ဆက်ပြီး အဖွဲ့အစည်းအသစ်အတွက် နိုင်ငံတကာ အသိအမှတ်ပြုနိုင်ခြေကို လမ်းဖွင့်ပေးထားတာပါ။ 

သဘောတူညီချက်တွင် နယူးကယ်လီဒိုးနီးယားရဲ့ နီကယ်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းကို သက်တမ်းတိုးခြင်း အပါအဝင် ဒေသတွင်းစီးပွားရေးကို ပြန်လည်အသက်ဝင်လာစေရန် အာရုံစိုက်ထားသည့် ဘဏ္ဍာရေးပြန်လည် ထူထောင်ရေးအစီအစဉ်လည်း ပါဝင်ပါတယ်။ ပြင်သစ်ပါလီမန်က အဆိုပါ သဘောတူညီချက်ကို ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်တွင် အတည်ပြုနိုင်ဖွယ်ရှိပြီး ၂၀၂၆ ခုနှစ်တွင် နယ်မြေဆန္ဒခံယူပွဲကျင်းပရန် စီစဉ်ထားပါတယ်။ 

"သမ္မတနိုင်ငံအတွင်း နယူးကယ်လီဒိုးနီးယားပြည်နယ်၊ ဒါဟာ ယုံကြည်မှုအတွက် အလောင်းအစားပဲ" ဟု ပြင်သစ်သမ္မတ မာခရွန် က အိတ်စ်ဆိုရှယ်မီဒီယာမှာ စည်းလုံးမှုနှင့် တည်ငြိမ်မှုအတွက် မျှော်လင့်ချက်ကို ဖော်ပြခဲ့ပါတယ်။  “သဘောတူညီချက်က အကြမ်းဖက်မှုတွေရဲ့ လှည့်ပတ်မှုကနေ လွတ်မြောက်အောင် ကူညီပေးမှာပါ” လို့ ကာနက် လွှတ်တော်အမတ် က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။ 

လူပေါင်း ၂၇၀,၀၀၀ ဝန်းကျင်နေထိုင်ရာ နယူးကယ်လီဒိုးနီးယားသည် ၁၉ ရာစုတွင် ပြင်သစ်တို့၏ နယ်ချဲ့ခံခဲ့ရပြီး ၁၉၈၀ ခုနှစ်များကတည်းက ကာလရှည်ကြာ လွတ်လပ်ရေးလှုပ်ရှားမှုကို မြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၁ ခုနှစ်ကြားတွင် ကျင်းပခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ သုံးခုစလုံးသည် လွတ်လပ်ရေးအား ပယ်ချခဲ့ပြီး  လွတ်လပ်ရေးလိုလားသောအဖွဲ့များက သပိတ်မှောက်ခဲ့ကြပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment