Pages

▼

Pages

▼

မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်၊ အကြမ်းဖက်သမား ၄လောင်း ရရှိ


မတ္တရာ၊ ဇူလိုင် ၁၃

ဒေသခံပြည်သူများ၏ သတင်းပေးမှုကြောင့် မတ္တရာမြို့နယ်၊ ဘိုကုန်းရွာအနီးဝန်းကျင်အား ဇူလိုင်လ ၁၂ ရက် ညနေပိုင်းအချိန်က သွားရောက်ရှင်းလင်းရာ PDF အကြမ်းဖက်သမား ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားသည်။

ဖြစ်စဉ်တွင် စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး PDF အကြမ်းဖက်သမား ၄ လောင်း၊ လက်နက်မျိုးစုံ ၅ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့သည်။

မတ္တရာမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားနေသည်မှာ ကာလရှည်ကြာ ဖြစ်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စဉ်ဆက်မပြတ် ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment