Pages

Pages

ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ




ဟင်္သာတ၊ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ဟင်္သာတတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်အောင်က  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များနှင့်ကြက်ခြေနီအသင်း အကြောင်း သိကောင်းစရာများ၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။ 

အဆိုပါသင်တန်းအား ဟင်္သာတတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူ ကျား (၆၀)ဦး၊ မ (၁၂၀)ဦး၊ စုစုပေါင်း (၁၈၀)ဦးအား ဟင်္သာတတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန၊ “ရွှေဟင်္သာ” ခန်းမတွင် ၃ဝ.၇.၂၀၂၅ ရက်နေ့မှ ၄.၈.၂၀၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်အောင်နှင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဟင်္သာတ တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမင်းစိုး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုကြည်သန်းနှင့် ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဆွေဆွေယု နှင့် သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ နည်းပြဆရာ/ဆရာမများနှင့် ဘာသာရပ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment