Pages

Pages

မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၁,၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မန္တလေး၊ ဇူလိုင် ၃၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၂၇ ရက်နေ့ ၁၇၃၀ အချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၅ လမ်း၊ ၄၀ x ၄၁ လမ်းကြားရှိ ဟိုတယ် အခန်းအမှတ် --- အား ဝင်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ မခွန်းဟန်နီအိမ့် နှင့် မခင်နှင်းပွင့်ဖြူ(ခ)ဂူးဂူး တို့အား တွေ့ရှိပြီး အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၉၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇ သိန်း)၊ Happy Water အလေးချိန် ၂၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂,၅၀၀)၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၁၈၃၀ အချိန် မခွန်းဟန်နီအိမ့် နေထိုင်သည့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၉ လမ်း၊ ၅၉ x ၆၀ လမ်းကြားရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၂၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၂ သိန်း)၊ Happy Water အလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၂၀၀)အား လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၉၁၅ အချိန် ဝင်းမင်းထွန်း(ခ)ဝင်းထွန်း နှင့် မဖြူဖြူကျော် တို့အား မဟာအောင်မြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၉၄၅ အချိန် ဝင်းမင်းထွန်း(ခ)ဝင်းထွန်း နှင့် မဖြူဖြူကျော် တို့ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၄၈ C လမ်း၊ ၁၂၁ x ၁၂၂ လမ်းကြားရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၂.၅ သိန်း)နှင့် ကက်တမင်း အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀.၅ သိန်း)နှင့် Happy Water အလေးချိန် ၄၂ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၀.၄ သိန်း)တို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

မခွန်းဟန်နီအိမ့်(၃၁)နှစ်၊ မခင်နှင်းပွင့်ဖြူ(ခ)ဂူးဂူး(၃၀)နှစ်၊ ဝင်းမင်းထွန်း(ခ)ဝင်းထွန်း(၄၅)နှစ် နှင့် မဖြူဖြူကျော်(၃၆)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment