အကြမ်းဖက်အဖွဲ့များထဲ ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ဝင်လာကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အဖွဲ့များထဲ ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ဝင်လာကြပြီ


နေပြည်တော်၊ ဇူလိုင်လ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ် ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်း များကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ်နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ ၁၇ ရက်နေ့တွင် TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် DPLA နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင်လည်း DPLA အဖွဲ့မှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၂ ဦးတို့သည် Type-81 အမျိုးအစား သေနတ် ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာခဲ့သည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ အများစုသည် ရိုးသားစွာ

တောင်ယာလုပ်ငန်းလုပ်ကိုင် နေကြသူများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူ များ၏ အတင်းအဓမ္မခြိမ်းခြောက် ဖမ်းဆီး၍ လူသစ်စုဆောင်းခံရသူများဖြစ်ပြီး သီပေါမြို့၏ အနောက်ဘက် မိုင်ခန့်အကွာ မန်လွယ်ကျေးရွာအနီးတွင် သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တောတွင်းစခန်းများတွင် အနေဆင်းရဲ၊ အစား ဆင်းရဲဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရကြောင်း၊ ၎င်းတို့ အဖွဲ့များအတွင်း၌ပင် အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိတော့သည့် အတွက် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည် လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုသဖြင့် လက်နက်ကိုင်လမ်းစဉ် အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်းဝင်ရောက်ရန်အတွက် နောင်ချိုမြို့နယ်၊ ဆရာအေးကုန်းကျေးရွာ၊ ထိုမှတစ်ဆင့် ကျောက်တောကျေးရွာ၊ ၎င်းမှတစ်ဆင့် လယ်ကြီးတောကျေးရွာ၊ အင်းဝိုင်းကျေးရွာများသို့ အဆင့်ဆင့် ထွက်ခွာလာခဲ့ပြီး ညောင်ထောက်ကျေးရွာသို့ ရောက်ရှိစဉ် အဆိုပါကျေးရွာအနီး လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခုကဲ့သို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား လွှဲပြောင်းအပ်နှံပွဲ ကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်၌ ပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြား သည်။ ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် DPLA အဖွဲ့ဝင်များက

၎င်းတို့နှင့်အတူ ယူဆောင်လာသည့် Type-81 အမျိုးအစား သေနတ် ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုးအစား သေနတ် ၁ လက် တို့ကိုအပ်နှံရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး သေနတ် ၁၃ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၅၀ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေး ထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကြသည်။

ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်း ပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ အတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)