ရွေတောင်၊ ဇူလိုင် ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ (မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန့်နေ့ နံနက်(၁၀:၀၀)နာရီတွင် အဆိုပါနေရာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ ကုန်ချောပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်ပေးအပ်၍ သင်တန်းသူတစ်ဦး မှကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား/သူများ၊ နည်းပြများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၁၅)ဉီးတို့တက်ရောက်ပြီး သင်တန်းတွင် ဆပ်ပြာဆီအမျိုးမျိုး ၊ မှန်ကြည်ဆေး၊လျှော်မွေး၊ Hand Gel၊Body Scrub၊ဆပ်ပြာခရင်မ် ရေချိုးဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုးထုတ်လုပ်နည်းတို့ကို (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်၍ တစ်ဦးလျှင် ကျပ်(၁၄)သိန်းဖိုးနှင့်ညီမျှသည့် ဒေသဖွံဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment