ဇူလိုင် - ၉ ( ဗုဒ္ဓဟူးနေ့ )
ပင်လယ်နီအတွင်းမှာ လုပ်နေတဲ့ ဥရောပသမဂ္ဂ(အီးယူ) စစ်ဆင်ရေးတစ်ခုအတွင်း တရုတ်စစ်သင်္ဘောတစ်စင်းက ဂျာမန်လေယာဉ်ကို လေဆာဖြင့် ပစ်မှတ်ချိန်ခဲ့တယ် လို့ စွပ်စွဲခံရပြီးနောက် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာလင်ရှိ တရုတ်သံအမတ်ကို အစိုးရနဲ့ လာတွေ့ပြီး ရှင်းလင်းပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။
"တရုတ်စစ်တပ်သည် အီးယူရဲ့ ASPIDES စစ်ဆင်ရေးတွင် ဂျာမန်လေယာဉ်တစ်စင်းကို လေဆာဖြင့် ဖြန့်ကျက်ပစ်မှတ်ထားခဲ့တယ်" လို့ ဂျာမန်နိုင်ငံခြားရေးရုံးက အင်္ဂါနေ့ထုတ် အိတ်စ်မီဒီယာ ပို့စ်တွင် ဖော်ပြခဲ့ပါတယ်။ "ဂျာမန်အမှုထမ်းတွေရဲ့ အန္တရာယ်နှင့် စစ်ဆင်ရေးကို အနှောင့်အယှက်ပေးခြင်းကို လုံးဝလက်မခံနိုင်ပါ" လို့ ရေးတင်ခဲ့ပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်သံအမတ်ကြီးကို နိုင်ငံခြားရေးရုံးကို ဒီနေ့ ဆင့်ခေါ်ထားပါတယ်” လို့ ပို့စ်မှာ ပါရှိပါတယ် ။
ASPIDES စစ်ဆင်ရေးသည် အီးယူ၏ ရေတပ်တပ်ဖွဲ့ (EUNAVFOR) က ယီမင်ရှိ ဟူသီစစ်သွေးကြွများရဲ့ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပင်လယ်နီ တောင်ပိုင်းရှိ သင်္ဘောများကို ကာကွယ်ရန်အတွက် လုပ်ဆောင်နေတဲ့ EU ပူးတွဲစစ်ဆင်ရေးဖြစ်ပါတယ်။
ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပစ်မှတ်ထားခံလိုက်ရတဲ့ လေယာဉ်သည် ပျံသန်းနေသော မျက်လုံးလို့ လူသိများသည့် ထောက်လှမ်းရေးလေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်တွင် စစ်ဘက်ဝန်ထမ်းများပါရှိတဲ့အပြင် အရပ်သားများပါ လိုက်ပါသွားကြောင်း သိရပါတယ်။ ပစ်မှတ်ထားမှုကြောင့် ပျံသန်းမှု ရပ်ဆိုင်းခဲ့ရသော်လည်း စစ်ရေးလေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment