စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေ ရိက္ခာ(၅)မျိုးအတွက် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေ ရိက္ခာ(၅)မျိုးအတွက် ထောက်ပံ့ငွေများ ပေးအပ်


နေပြည်တော်၊ ဇူလိုင် ၁၅

စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်း၊ အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက အဖွင့်အမှာစကားပြောကြားပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် စစ်ကိုင်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းနှင့် မိသားစုဝင်များအတွက် ထောက်ပံ့ ငွေများကို တာဝန်ရှိသူများထံပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ကြီးဌာန အသီးသီးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ထောက်ပံ့ ငွေများ ထောက်ပံ့ပေးအပ်ကြသည်။

များအား ယနေ့ကျင်းပပြုလုပ်သော ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင် စားရေရိက္ခာ(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲတွင် စစ်ကိုင်းမြို့ရှိဝန်ထမ်းနှင့် မိသားစုဝင် ၆၀၀၇ ဦးအတွက် ထောက်ပံငွေ ၄၇၀,၃၄၈,၁၀၀ ကျပ် ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)