ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းလောင်းလှူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းလောင်းလှူပွဲ ကျင်းပ




ကလိန်အောင်၊ ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစုမှ စုပေါင်း၍ အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ယ‌နေ့နံနက် ၉ နာရီက ဝါဆိုသင်္ကန်းနှင့် ဆွမ်းခြောက်လောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပသည်။

အခမ်းအနားသို့ ကလိန်အောင်မြို့ သဒ္ဓမ္မရံသီအောင်တော်မှု ဝတ်ပြုကျောင်းတိုက်မှ ဆရာတော်အရှင်သုစိတ္တနှင့် ပင့်သံဃာတော် (၄) ပါး၊ ကျောင်းအုပ်‌ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး သဒ္ဓမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းတိုက် ဆရာတော်အရှင်သုစိတ္တထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး သဒ္ဓမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းတိုက် ဆရာတော်အရှင်သုစိတ္တထံမှ ရေစက်ချအနုမောဒနတရားနာယူကြည်ညိုကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြီးနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ဆွမ်းခြောက်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)