ရန်ကုန်၊ ဇူလိုင် ၄
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကာ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ မဲပေးခြင်းကို ယနေ့ (ဇူလိုင်လ ၄ရက်) က ရန်ကုန်တိုင်းဒေသကြီး၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရွှေဥဒေါင်းခန်းမ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် အကြောင်း ရှင်းလင်းပြောကြားပြီး UEC မှ ဒုညွှန်ကြားရေးမှုးချုပ် ဦးညီညီလွင်က မဲပေးစက်ကို သရုပ်ပြရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် ပယ်မဲရှိမည်မဟုတ်ကြောင်းနှင့် အချိန်တိုအတွင်း မဲရလဒ်များ စိစစ်အဖြေထုတ်နိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment