၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်အနား မုံရွာမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်အနား မုံရွာမြို့၌ ကျင်းပ




မုံရွာ  ၊ ဇူလိုင် ၁၆


၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကို ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်း တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြ/အုပ်ချုပ်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပသည့် ခရိုင်ပေါင်းစုံအမျိုးသား ဖူဆယ်ပြိုင်ပွဲကနေ အရည်အချင်းပြည့်ဝသည့် ရွတ်ပုန်းသီး အားက စားသမားများကို ရွေးချယ်ပြီး မိမိတို့တိုင်းဒေသကြီး၏ ဖူဆယ်အားကစားအဆင့်အား ပြန်လည်မြှင့်တင်ပေးသွားမည် ဖြစ်သည့်အပြင် မြန်မာ့လက်ရွေးစင်အသင်း၏ အရံအင်အားမျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်အား လေးစားလိုက်နာသွားကြရန်နှင့်မိမိတို့ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားကာ မိမိ၏ ခြေစွမ်းခြေစ အရည်အချင်းအားပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစား သမားကောင်းများဖြစ်အောင် ယှဉ်ပြိုင်ကစားသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ 


ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအသင်းများအား လေ့ကျင့်ရေးဖူဆယ် ဘောလုံးများအား အသင်းအုပ်ချုပ်သူများထံ လိုက်လံပေးအပ်ကာ ပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ အဖွင့်ပွဲစဉ်အဖြစ် ရွှေဘိုခရိုင်ဖူဆယ်ဘောလုံးအသင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖူဆယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာရွှေဘို ခရိုင်အသင်းမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအား အနိုင်ရရှိသွားသည်။


အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကျင်းပသွား မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၂ ခရိုင်မှ ပြိုင်ပွဲဝင် အားက စားသမား ၁၄၄ ဦး ဝင်ရောက်ယဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။    


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)