သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် (စတုတ္ထ)အကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် (စတုတ္ထ)အကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနား ကျင်းပ





သဲကုန်း၊ ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ သီတဂူတပ်အလယ်ကျောင်းတွင်  စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် (စတုတ္ထ)အကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနားကို ၂၄-၇-၂၀၂၅ ရက်နေ့က အဆိုပါကျောင်းရှိ သီတဂူ သဒ္ဓမ္မဇောတိကကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် သီတဂူတပ်အလယ်ကျောင်း ပဓာနနာယကဆရာတော်ဦးနန္ဒမာလာထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက(၉)ပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက သာသနာတော်ဆိုင်ရာများ လျှောက်ထားတင်ပြသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ စာသင်နှစ်တွင်ဖြေဆိုအောင်မြင်ခဲ့သော အခြေပြုမူလတန်းအောင်(၁)ပါး၊ ပထမငယ်တန်းအောင်သံဃာတော် (၁)ပါး၊ ဓမ္မစရိယတန်းအောင်သံဃာတော်(၃)ပါး၊ ဝိနနှင့်သင်ကြားရေးဆရာတော်(၅)ပါးတို့အား ဂုဏ်ပြုဆုငွေများပူဇော်ဆက်ကပ်၍ နာယ က ဆရာတော်နှင့်သင်ကြားစီမံဆရာတော်(၅)ရဟပါးနှင့်ရဟန်းသံဃာ(၆)ရပါး၊ ရှင်သာမဏေကြီးနှင့်သံဃာတော်(၂၃)ရှင်သမဏေငယ် (၁၀)ပါးတို့အား ဝါဆိုသင်္ကန်းစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များကဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် သီတဂူတပ်အလယ်ကျောင်း ပဓာနနာယကဆရာတော်ဦးနန္ဒမာလာထံမှ အနုမော ဒနာတရားနာယူ၍ရေစက်သွန်းချအမျှအတမ်းပေးဝေးကာ သီတဂူအဓိဌာန်သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်း၍ ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)