အိုက်စလန်မှာ တောမီးအတွက် အမြင့်ဆုံး သတိပေးချက်ပြုလုပ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိုက်စလန်မှာ တောမီးအတွက် အမြင့်ဆုံး သတိပေးချက်ပြုလုပ်ထား



ဇူလိုင် - ၁၇ ( ကြာသပတေးနေ့ ) 

အိုက်စလန်က မြုံနေတဲ့ မီးတောင် ဆောင်းဒ်နူကာ မနေ့က ပေါက်ကွဲပြီးတဲ့နောက်မှာ အာဏာပိုင်များက တောမီးအန္တရာယ် ဖြစ်လာနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။  မီးတောင်ပေါက်မှုက ပညာရှင်များ ထင်ထားသည်ထက် ပိုမိုကြီးမားတယ်လို့ အိုက်စလန်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

အိုက်စလန် မိုးလေဝသအေဂျင်စီကတော့ "ငလျင်လှုပ်ခတ်မှု သိသိသာသာ လျော့ကျသွားပါပြီ” လို့ ဆိုပါတယ်။  တောမီးလောင်ကျွမ်းမှု ဖြစ်နိုင်ခြေရှိနေဆဲဖြစ်သောကြောင့် အန္တရာယ် သတိပေးမှုက "အမြင့်ဆုံးအဆင့်" တွင် ဆက်လက်တည်ရှိနေပါတယ်။ သို့သော် အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများနဲ့ လေထုညစ်ညမ်းမှုကို အနည်းငယ်မျှသာ ရှာဖွေတွေ့ရှိပြီး “လက်ရှိ လေထုညစ်ညမ်းမှု ခန့်မှန်းချက်တွင် ထင်ဟပ်ခြင်းမရှိသေးပါ” လို့ ဆိုထားပါတယ်။  ထိခိုက်ဒဏ်ရာရရှိမှုသတင်းတွေ မကြားရသေးပါဘူး။

ဆောင်းဒ်နူကာ မီးတောင် က မြုံနေတာ နှစ်ပေါင်း ရာနဲ့ချီနေခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် မှစပြီး လေးနှစ်အတွင်း  ၁၂ ကြိမ်မြောက်အဖြစ် ချောရည်များနဲ့ မီးခိုးများ ထွက်လာတာပဲ ဖြစ်ပါတယ်။  

အနီးအနားရှိ ရေပြာအိုင် အပန်းဖြေစခန်းနှင့် အခြားနေရာများတွေကို ကြိုတင်ကာကွယ်မှုအဖြစ် အနီးနားရှိ အပန်းဖြေမြို့များရှိရာသို့ ခရီးသွားများ၊ မိသားစုများ၊ ဟိုတယ်ဧည့်သည်များနှင့် အများပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ လေယာဉ်ပြေးဆွဲမှုလည်း ပျက်တောက်ခြင်း မရှိပါဘူး။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)