နေပြည်တော်၊ ဇူလိုင် ၁၇
ဂျပန်နိုင်ငံရှိ Asia-Pacific Ladies Friendship Society (ALFS) အဖွဲ့ကြီးက နှစ်စဉ် ကျင်းပပြုလုပ်သည့် Charity Bazaar မှ အမြတ်ငွေများအား သဘာဝဘေးဒဏ်ခံစားရသည့် ဒေသများသို့ လှူဒါန်းခြင်းနှင့် အဆိုပါ ဈေးရောင်းပွဲတွင် ပါဝင်ခဲ့သည့် သံရုံးများသို့ အချိုးကျ ခွဲဝေပေး၍ လိုအပ်သည့်နေရာဒေသများသို့ လှူဒါန်းရန် ပေးအပ်လျက်ရှိသည်။
တိုကျိုမြို့၊ မြန်မာသံရုံးအတွက် အချိုးကျ ခွဲဝေရရှိသည့် အလှူငွေ ယန်း (၆၁၁,၀၀၀/-) နှင့် ညီမျှသော မြန်မာကျပ် (၁၇၉ သိန်းကျော်) အနက်မှ ကျပ် (၇,၉၀၀,၀၀၀/-) (ကျပ်ခုနှစ်ဆယ်ကိုးသိန်း တိတိ) အား ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိမှတ်ပြု မြတ်ဆုမွန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဓမ္မာလင်္ကာရကျောင်းတိုက်ရှိ ဆရာတော် ဘဒ္ဒန္တ သူရိယ ထံသို့ ယနေ့ ၁၇-၇-၂၀၂၅ ရက် (ကြာသပတေးနေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment