လှိုင်သာယာ၊ ဇူလိုင် ၁၇
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာ တာဝန်ခံ ဦးမောင်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ ပါတီကော်မတီဝင် အလုပ်သမားရေးရာတာဝန်ခံ ဦးနေဝင်း၊ အင်းစိန်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူထွန်း၊ လှိုင်သာယာ(အရှေ့ပိုင်း)ပါတီ အတွင်းရေးမှူး ဦးအောင်ဟန်ဦးတို့ လိုက်ပါ၍ ဇူလိုင်လ (၁၆)ရက်နေ့က လှိုင်သာယာမြို့နယ် ရှိ လက်ဝါး အထည်ချုပ်စက်ရုံ တာဝန်ရှိသူများ၊ အလုပ်သမားများအား သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ဦးမောင်မြင့်မှ နှုတ်ခွန်းဆက်စကားနှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)နှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့မှုများ၊ ယခုလက်ရှိ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)မှ မြန်မာနိုင်ငံအပေါ် အရေးယူနိုင်ရေး တစ်ဖက်သတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲပြီး၍ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာပါက ဖြေရှင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြန်မာနိူင်ငံရှိ အလုပ်သမားများ လူမှုဖူလုံရေးအဖွဲ့သို့ ဝင်ရောက်မှု အခြေအနေများ၊ ဝင်ရောက်သင့်သည့် အခြေအနေများ၊ အလုပ်သမားများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်သင့်သည်များ အကြံပြု ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအလုပ်သမားများအတွက် မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်များ ဓမ္မလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment