ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ






ပုသိမ်၊ ဇူလိုင် ၁၇

စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ဆီကုန်သည်များနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေဖြင့်  နှစ်အလိုက်ရည်မှန်းချက်များအပေါ် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားနေ့ အခမ်းအနားများတွင် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများဖြင့် ဆွေးနွေးပွဲများပြုလုပ်၍ ရလဒ်များအပေါ်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် မိုးစပါးရာသီ ဇူလိုင်လ၊ ဩဂုတ်လနှင့်စက်တင်ဘာလများတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများကြောင့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော်လည်း  အမြန်ဆုံးပြန်လည်ကုစားစိုက်ပျိုးနိုင်ရေး မျိုးစပါးများ၊ သွင်းအားစုများထောက်ပံ့ ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပို့ကုန်နှစ်ဆတိုးတက် တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပဲမျိုးစုံ(၁၆)သိန်းဧကကျော် စိုက်ပျိုးဆောင်ရွက်ရှိပါကြောင်းနှင့် ပီလောပီနံ သည် တိုင်းဒေသကြီး၏ ထုတ်ကုန်အမယ်သစ်အဖြစ် ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်တင်ပို့ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းစေရန် ပေါ်ဆန်းဖိုရမ်များပြုလုပ်ခဲ့ပြီး ယခုနှစ်မိုးစပါးစိုက် ရာသီတွင် ပေါ်ဆန်းမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များ စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုတ်သီးနှံအား ထပ်မံတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊  ဖွဲနုဆီထုတ်လုပ်နိုင်ရေးအတွက်လည်း ဖွဲနုဆီကြမ်းစက်ရုံများ တည်ဆောက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးအတွက် မြေဩဇာစက်ရုံနှင့် မွေးမြူရေးအတွက် အစာတောင့်စက်ရုံများ ပိုမိုတည်ဆောက်သွားရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။  

ထို့နောက် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကျိုက်လတ်မြို့နယ် Wilmar Co; Ltd ၊ ရွှေခယ်ဝတီ CO; Ltd၊ ထူးထက်ဟန်ကုမ္ပဏီ၊ Global Earth Agro & Aqua Industry Public Co., Ltd ၊ တိုင်းဒေသကြီးဆားလုပ်ငန်းရှင်များအသင်း၊ ရွှေဝါနဒီကုမ္ပဏီလိမိတက်၊ Good Brother ကုမ္ပဏီလိမိတက်၊  တိုင်းဒေသကြီးဆန်ကုန်သည်များအသင်း၊ ကျုံပျော်ပီလောပီနံအသင်း၊ တိုင်းဒေသကြီး ပဲ၊ နှမ်း၊ ပြောင်းလုပ်ငန်းရှင်အသင်း၊ မြောင်းမြကြက်ခြံလုပ်ငန်းရှင်၊ တိုင်းဒေသကြီးဆီစက်ပိုင်ရှင် အသင်း၊ မအူပင်ငါးမွေးမြူရေးလုပ်ငန်းရှင်၊ လပွတ္တာဂဏန်းပျော့မွေးမြူရေးလုပ်ငန်းရှင်တို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု၊ ကုန်ကြမ်းဝယ်ယူရရှိမှု၊ လုပ်ငန်းလည်ပတ်မှုနှင့် ကုန်ချောထုတ်လုပ်တင်ပို့နိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်ရရှိမှု၊ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်မှု၊ ထုတ်ကုန်နှစ်ဆတိုးမြင့်ထုတ်လုပ်နိုင်မှု အခြေအနေများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)