ရန်ကုန်၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံမှ နာနတ်သီးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်မှ စတင်၍ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ "မကြာသေးမီက မြန်မာနိုင်ငံမှ လတ်ဆတ်တဲ့ နာနတ်သီး တန်ချိန် ၆.၄ ကို ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ အောင်မြင်စွာတင်ပို့ခဲ့ပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာ့နာနတ်သီးများ တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိပြီးနောက် ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ် တင်သွင်းခြင်းဖြစ်ပါတယ်။" ဟု ထုတ်ပြန်ထားသည်။
ရွှေလီမြို့မှ ကုန်သွယ်ရေးကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက “ဒီတစ်ခါတင်သွင်းတဲ့ လတ်ဆတ်တဲ့နာနတ်သီးများဟာ မြန်မာနိုင်ငံရဲ့ အရည်အသွေးမြင့်စိုက်ခင်းများမှ ရောက်ရှိလာတာဖြစ်ပါတယ်။ ချိုမြိန်ပြီးအရည်ရွှမ်းကာ အရသာအလွန်ကောင်းမွန်ပါတယ်။ ဒီနာနတ်သီးများကို ဝမ်တိန်မြို့မှာ အမျိုးအစားခွဲပြီးနောက် ကူမင်း၊ ချန်တူးစတဲ့ အနောက်တောင်ပိုင်းရဲ့ အဓိကမြို့ကြီးများသို့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဇူလိုင်လမှ ဩဂုတ်လအထိဟာ နာနတ်သီးရောင်းကောင်းတဲ့ရာသီဖြစ်ပြီး နောက်ပိုင်းမှာတော့ တင်သွင်းမှုပမာဏ တန်ချိန် ၅၀၀ အထိ ရှိလာနိုင်ကြောင်း မျှော်မှန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment