မန္တလေးမြို့တွင် မြေသယ်ယာဉ်တစ်စီးက စက်ဘီးစီးလာသည့် ကလေးငယ်ကို တိုက်မိပြီး ထွက်ပြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့တွင် မြေသယ်ယာဉ်တစ်စီးက စက်ဘီးစီးလာသည့် ကလေးငယ်ကို တိုက်မိပြီး ထွက်ပြေး





မန္တလေး၊ ဇူလိုင် ၃

မန္တလေးမြို့ ၄၉လမ်း၊ ၁၁၄လမ်းဒေါင့်၊ တောင်မှ မြောက်သို့မောင်းနှင်းလာသော  မြေသယ်ယာဉ်တစ်စီးမှ စက်ဘီးစီးလာသော အသက်(၁၂)အရွယ်ကလေးငယ်အား တိုက်မိပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့ က " သိရှိသူများ ကလေးမိဘထံအကြောင်းကြား ပေးစေလိုပါတယ်။ ၃-၇-၂၀၂၅ရက်နေ့ နံနက်(၀၈:၀၀)အချိန်ခန့် ၄၉လမ်း၊ ၁၁၄လမ်းဒေါင့်၊ တောင်မှ မြောက်သို့မောင်းနှင်းလာသော မြေသယ်ယာဉ်တစ်စီးမှ အသက်(၁၂)အရွယ်ကလေးငယ်အား တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားပါတယ်။ အတိုက်ခံရသူ အမည်မသိ(စုံစမ်းဆဲ) ကလေးငယ်သည် ဖြစ်စဉ်နေရာတွင် သေဆုံးသွားပါသဖြင့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ပါတယ်။" ဟု အသိပေးထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)